Swan Jewellery
Timeless Craft,
Modern Elegance.

Full Services from Swan Jewellery Repair
ကျွန်တော်တို့ရဲ့စတူဒီယိုမှာ အရည်အသွေးမြင့်မားတဲ့ပစ္စည်းများနဲ့ ခေတ်မီနည်းပညာများကို အသုံးပြုပြီး မိတ်ဆွေတို့ရဲ့ လက်ဝတ်ရတနာများအား အဟောင်းကို အသစ်ဖြစ်အောင် ပြောင်းလဲ ပြုပြင်ဖန်တီးပေးလျက်ရှိပါတယ်။
လက်စွပ် လက်တိုင်း ပြောင်းလဲပေးခြင်း (Ring resizing)
ကြိုးများ ဂဟေဆက်ခြင်း (Chain soldering)
လေဆာ ဂဟေဆက်ခြင်း (Laser welding)
ဆွဲသီး၊လက်ကောက်၊ဟန်းချိန်း ချိတ်ပြုပြင်ခြင်း (Clasp repair)
စိန်၊ကျောက်များ ပြန်လည်တပ်ဆင်ပေးခြင်း (Diamond & Stone resetting)
လက်ဝတ်ရတနာ ချေးဆေးပေးခြင်းနှင့် အရာင်ပြန်တင်ခြင်း (jewellery cleaning & coating)
စွန်ကုတ်များ၊ရွဲများ ပြန်လည်စိုက်ခြင်း (Claws & Prongs retipping)

Ring Resizing
လက်စွပ်အရွယ်အစား ပြောင်းလဲခြင်းများမှာ ကျွန်တော်တို့ဆီတွင် အများဆုံးလုပ်ဆောင်ရသောပြုပြင်မှုတစ််ခုဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့လက်စွပ်ဟာ မိတ်ဆွေတို့အတွက်သာမက ကျွန်တော်တို့ အတွက်ပါ တန်ဖိုးထားမြတ်နိုးရပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းစဥ်က လက်စွပ်တစ်ကွင်းရဲ့အရည်အသွေးနဲ့ အဲ့ဒီလက်စွပ်နဲ့ပတ်သတ်တဲ့ အမှတ်တရများကို မပျောက်ပျက်ရအောင် တိကျသောတိုင်းတာမှုများပြုလုပ်ကာ ပညာရှင်တို့၏ ကျွမ်းကျင်မှုဖြင့် သေချာစွာ ဂရုစိုက်၍ လက်တိုင်း အရွယ်အစားကို ပြုပြင်ပြောင်းလဲပေးပါတယ်။ ကျွန်တော်တို့ စတူဒီယိုမှ ပညာရှင်များက မိတ်ဆွေတို့ လက်ချောင်းများနှင့် ပြန်လည်လိုက်ဖက်စွာဝတ်ဆင်နိုင်စေရန် ပြုပြင်ပေးဖို့ အသင့်ရှိပါတယ်ခင်ဗျာ။

Chain Soldering
ကျွန်တော်တို့သည် ကျွမ်းကျင်ပညာရှင်များဖြင့် မိတ်ဆွေတို့၏ ကျိုးပဲ့သွားသော လည်ဆွဲကြိုးများကို မူလအတိုင်းအရည်အသွေးကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာနှင့် အရည်အသွေးမြင့် ပစ္စည်းများကို အသုံးပြု၍ ပြုပြင်ပေးပါသည်။ကျွန်တော်တို့ စတူဒီယိုတွင် ကျိုးပဲ့သွားသော ကြိုးများကို ပြန်လည်ဆက်စပ်ပေးခြင်းဖြင့် အသစ်ဝယ် ယူရန် မလိုအပ်ဘဲ မိတ်ဆွေတို့၏ ငွေကြေးများကိုပိုမိုစုဆောင်းနိုင်စေပါသည်။ ကျွန်တော်တို့၏ ဝန်ဆောင်မှုသည် လျင်မြန်ပြီး စိတ်ချရသော ဝန်ဆောင်မှုတစ်ခု ဖြစ်တာမလို့ မိတ်ဆွေတို့၏ ဆွဲကြိုးများကို မူလအတိုင်း ပြန်လည်လှပစေရန် ကူညီပေးပါမယ် ခင်ဗျာ။

Clasp Repair
ကျွန်တော်တို့ရဲ့ Clasp Repair ဝန်ဆောင်မှုဆိုတာက ပျက်စီးနေတဲ့ လည်ဆွဲကြိုး၊ လက်ပတ် သို့မဟုတ် လက်ကောက်များမှာပါရှိတဲ့ ချိတ်များ၊လျှာပတ်တာ များကိုဆိုလိုတာဖြစ်ပါတယ်။ အဲ့ဒီ Clasp များပျက်စီးခြင်း၊ လျော့ရဲခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းတို့ကြောင့် လက်ဝတ်ရတနာများဟာ ဝတ်ဆင်ရာတွင် အဆင်မပြေမှုများ၊လက်ဝတ်ရတနာ ပြုတ်ကျမှု၊ပျောက်ဆုံးမှု့တို့ ဖြစ်ပေါ်နိုင်ပါတယ်။ ကျွန်တော်တို့ စတူဒီယိုမှ ပညာရှင်များမှ မူလ Clasp ၏ ဒီဇိုင်းနှင့် အရည်အသွေးကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာနှင့် အရည်အသွေးမြင့် ပစ္စည်းများကို အသုံးပြု၍ Clasp များကို မူလအတိုင်း လှပ၍ ခိုင်မာမှု ရှိစေရန် ကျွမ်းကျင်စွာ ပြုပြင်ပေးပါသည်။

Claws and Prongs Retipping
လက်ဝတ်ရတနာတွေမှာ ကျောက်တွေ၊စိန်တွေ ပြုတ်ထွက်နေတာတို့၊လှုပ်နေတာတို့ မကြာခနကြုံဖူးကျမယ်ထင်ပါတယ်။ လက်ဝတ်ရတနာတစ်ခုကို နှစ်ပေါင်းများစွာနေ့စဥ် ဝတ်ဆင်အသုံးပြုခြင်း၊ ထိခိုက်မိခြင်း၊ အရည်အသွေးပြည့်ဝစွာ မပြုလုပ်ခြင်းတို့ကြောင့် လက်ဝတ်ရတနာမှာရှိတဲ့ စွန်ကုတ်၊ရွဲများက လျော့ရဲ့လာပြီး စိန်တွေ၊ ကျောက်တွေက် ပြုတ်ကျပျောက်ဆုံးနိုင်ပါတယ်။ ၁. ကျောက်မျက်ရတနာများ လှုပ်နေလျှင်။ ၂. လက်ဝတ်ရတနာကို မတော်တဆ ထိခိုက်မိလျှင်။ စွန်ကုတ် နဲ ရွဲများ လျော့ရဲခြင်းတို့ ရှိမရှိ ပုံမှန်စစ်ဆေးမှုများပြုလုပ်ကာ ပြဿနာများ တွေ့လျှင် Retipping လုပ်ခြင်းဖြင့် လက်ဝတ်ရတနာများကို လုံခြုံစွာ ထိန်းသိမ်းနိုင်ပြီး ကျောက်မျက်ရတနာများ ပြုတ်ကျခြင်း၊ပျောက်ဆုံးခြင်းမှ ကာကွယ်နိုင်ပါသည်။

Diamond & Stone Resetting
လက်ဝတ်ရတနာများပေါ်ရှိ စိန်များ၊ကျောက်များကို ပြောင်းလဲချင်တဲ့အခါ။ စိန်နဲ့ကျောက်များ ချောင်နေတဲ့အခါ ဒါမှမဟုတ် ကျောက််ရည်များ စိန်အရောင်များကို ပိုမိုလှပအောင် ပြန်လည််လဲလှယ်တပ်ဆင်ခြင်းကို ပြုလုပ်ရပါတယ်။ အဲ့လို Diamond & Stone Resetting ပြုလုပ်တဲ့အခါမှာ တန်ဖိုးကြီးစိန်နှင့် ကျောက်မျက်များ မထိခိုက်အောင် ကျွမ်ကျင်တဲ့ Diamond setting ပညာရှင်များနှင့်သာလုပ်ဆောင်သင့်ပါတယ်။ကျွန်တော်တို့သည် စိန်နှင့်ကျောက်မျက ်ရတနာများကို ကျွမ်းကျင်စွာ resetting ပြုလုပ်ပေးနိုင်သောကြောင့် မိတ်ဆွေတို့ရဲ့ လက်ဝတ်ရတနာများကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါသည်။ ကျွန်တော်တို့၏ အတွေ့အကြုံနှင့် ဂရုတစိုက်လုပ်ဆောင်မှုတို့ကြောင့် မိတ်ဆွေတို့၏ ရတနာများမှာ ပိုမိုလှပလာစေရန် အာမခံပါသည်။

Laser Welding
Laser welding ဆိုတာက လက်ဝတ်ရတနာတွေကို ပြုပြင်တဲ့နေရာမှာ အသုံးပြုတဲ့ ခေတ်မီနည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကို သုံးပြီး လက်ဝတ်ရတနာတွေကို မြန်မြန်ဆန်ဆန်၊ သေချာတိကျစွာ ပြုပြင်နိုင်ပါတယ်။Laser ဂဟေဆော်ခြင်းက ပုံမှန် ဂဟေဆော်ခြင်းထက် အများကြီး ပိုမြန်ပြီးLaser beam ကို အတိအကျ ထိန်းချုပ်နိုင်တာ ကြောင့် လက်ဝတ်ရတနာတွေကို ပြုပြင်တဲ့နေရာမှာ ပိုပြီး တိကျသေချာမှုရှိပါတယ်။စိန်များ၊ကျောက်များအတွက်လည်း ဘေးကင်းပြီးလုံခြုံစိတ်ချမှုရှိပါတယ်။ Laser welding က လက်ဝတ်ရတနာတွေကို ပြုပြင်တဲ့နေရာမှာ ခေတ်မီပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Jewellery Cleaning & Coating
Cleaning ဆိုတာက လက်ဝတ်ရတနာတွေကို သန့်စင်ပြီးလက််ဝတ်ရတနာများကို အညစ်အကြေးများကို ဆေးကြောရှင်းလေးပေးရတဲ့ လုပ်ငန်းစဥ်ဖြစ်ပါတယ်။ Coating ဆိုတာက လက်ဝတ်ရတနာများကိုကာကွယ်စေဖို့နဲ့တောက်ပစေဖို့ အလွှာပါးလေး ဖုံးအုပ်ပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ လက်ဝတ်ရတနာများက အချိန်ကြာမြင့်လာတဲ့အခါမှာ အညစ်အကြေးများဖြင့် ဖုန်းအုပ်ခြင်း၊အပွန်းအဆင်းများဖြစ်ခြင်းတို့ကြောင့် ပွင်််လက် တောက်ပမှုများနှင့် လက်ဝတ်ရတနာ၏ သစ််လွင်ခြင်းတို့ကို လျော့နည်းစေပါတယ်။ လက်ဝတ်ရတနာများကို Cleaning & Coating ပြန်လည်ပြုလုပ်ခြင်းဖြင့်လက်ဝတ်ရတနာများးကို အသစ်ဝယ်ယူရန် မလိုအပ်ဘဲ မိတ်ဆွေတို့၏ ငွေကြေးများကိုပိုမိုစုဆောင်းနိုင်စေပါသည်။